Coronavirus disease (COVID-19) advice for the public: Fact or Fiction in Myanmar language

COVID-19 ကူးစက်ခံရခြင်းမှ မိမိကိုယ်ကို ကာကွယ်ရန်

  • လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြုပြီးပုံမှန် ဆေးကြောသန့်စင်ပါ။ သို့မဟုတ် အရက်ပျံပါသော လက်သန့်ဆေးရည်နှင့် ပွတ်တိုက်ပြီး သန့်စင်ပါ။
  • နှာချေ၊ ချောင်းဆိုးလျှင် နှာခေါင်းနှင့်ပါးစပ်ကို တံတောင်ကွေး (သို့) တစ်ရှူးဖြင့် ဖုံးအုပ်ပါ။ အသုံပြုပြီး တစ်ရှူးစကို လုံခြုံစွာ ချက်ချင်း စွန့်ပစ်ပါ။
  • နှာချေ၊ ချောင်းဆိုးသူများနှင့် အနည်းဆုံး တစ်မီတာ (၃ ပေ) အကွာအဝေးတွင် နေထိုင်ပါ။

COVID-19 ကာကွယ်ဆေးများသည် မျိုးမပွားနိုင်ခြင်း (ကလေးမရနိုင်ခြင်း)ကို ဖြစ်စေပါသလား?

အချက်အလက်အမှန်

COVID-19 ကာကွယ်ဆေးများသည် မျိုးမပွားနိုင်ခြင်း (က‌လေးမရနိုင်ခြင်း)ကို ဖြစ်စေနိုင်‌ကြောင်း သိပ္ပံနည်းကျ အထောက်အထားများ မရှိသေးပါ။

အကယ်၍မိမိအနေဖြင့် အိမ်တွင်သာနေပြီး အခြားသူများနှင့်ထိတွေ့ဆက်ဆံမှုကို ကန့်သတ်ထားမည်ဆိုပါက COVID-19 ကာကွယ်ဆေးထိုးနှံရန် မလိုအပ်ဘူးဆိုတာဟုတ်ပါသလား?

အချက်အလက်အမှန်

အခြားသူများနှင့်ထိတွေ့ဆက်ဆံမှုကို ကန့်သတ်ခြင်းသည် COVID-19 ရောဂါကူးစက်ခံရနိုင်ခြေကို လျော့နည်းစေသော်လည်း ရောဂါလက္ခဏာမပြသောသူများမှတစ်ဆင့် COVID-19 ရောဂါ ကူးစက်ခံရနိုင်ခြေရှိနိုင်ပါသေးသည်။

ထို့ကြောင့် COVID-19 ကာကွယ်ဆေးထိုးနှံခွင့်ရရှိသည်နှင့် အမြန်ဆုံးထိုးနှံရန် အရေးကြီးပါသည်။

လူအများအပြား COVID-19 ရောဂါမှလွတ်မြောက်ရှင်သန်ခဲ့ကြသော်လည်း မိမိအနေဖြင့်ဘာ‌ကြောင့် COVID-19 ကာကွယ်ဆေးကို ထိုးနှံရန်လိုအပ်ပါသလဲ?

အချက်အလက်အမှန်

လူတစ်ဦးချင်းစီတွင် COVID-19 ရောဂါကူးစက်ခံရမှုသည် မပြင်းထန်မည် သို့မဟုတ် ပြင်းထန်မည်ကို မခန့်မှန်းနိုင်သောကြောင့် ကာကွယ်ဆေးထိုးနှံရန် အရေးကြီးပါသည်။

ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ပြင်းထန်စွာဖျားနာခြင်းနှင့် သေဆုံးခြင်းတို့မှကာကွယ်ပေးနိုင်ပါသည်။

COVID-19 ကာကွယ်ဆေးသည် သင့်၏ COVID-19 ရောဂါရှာဖွေစမ်းသပ်မှုတွင် ရောဂါရှိ‌ကြောင်းအတည်ပြုရလဒ် (Positive) ထွက်စေပါသလား?

အချက်အလက်အမှန်

မဟုတ်ပါ။ COVID-19 ကာကွယ်ဆေးသည် COVID-19 ရောဂါရှာဖွေစမ်းသပ်မှု (PCR သို့မဟုတ် antigen) ၏ ရလဒ်အဖြေပေါ်တွင် အကျိုးသက်ရောက်မှုမရှိစေပါ။ COVID-19 ကာကွယ်ဆေးများသည် သင့်အား COVID-19 ကြောင့် ပြင်းထန်စွာရောဂါဖြစ်ပွားခြင်းနှင့် သေဆုံးခြင်းတို့မှ ကာကွယ်ပေးပါသည်။

fact_wear a mask_mmr-01

မိမိသည် COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးပြီဖြစ်သည့်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ဖို့ လိုအပ်ပါသလား?

အချက်အလက်အမှန် (Fact)

ကာကွယ်ဆေးထိုးထားပြီးသော လူများသည်လည်း COVID-19  ရောဂါ ဖြစ်ပွားစေနိုင်သည်။ များသောအားဖြင့် မပြင်းထန်သော်လည်း ကာကွယ်ဆေးထိုးပြီးသူများက COVID-19 ဗိုင်းရပ်စ်ကို အခြားသူများသို့ ကူးစက်စေနိုင်ပါသည်။

သင့် အနီးပတ်ဝန်းကျင်ရှိသူများကို ကာကွယ်ရန် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသူများအပါအ၀င် လူတိုင်း၊ လူတိုင်းသည် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သင့်သည်။

အထူးသဖြင့် တချို့မျိုးရိုးဗီဇကွဲ ဗိုင်းရပ်စ်အသစ်များသည် ပိုမိုကူးစက်နိုင်သောကြောင့်ဖြစ်သည်။

fact_vaccinated for COVID19_mmr_2

COVID-19 ကာကွယ်ဆေးထိုးထားပြီးသူများအနေဖြင့် COVID-19 ရောဂါ ကူးစက်မခံရနိုင်ဆိုသည်မှာ မှန်ကန်ပါသလား?

အချက်အလက်အမှန် (Fact)

COVID-19 ကာကွယ်ဆေးထိုးထားပြီးသူများအနေဖြင့် COVID-19 ရောဂါကူးစက်ခံရနိုင်ခြေ ဆက်လက်ရှိနေသေးသော်လည်း ရောဂါကူးစက်ခံရပါက အပျော့စား (မပြင်းထန်သော) ရောဂါသာ ခံစားရနိုင်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော အရေးပေါ်အတွက် အသုံး ပြုနေသည့် COVID-19 ကာကွယ်ဆေးများသည် WHO Emergency Use Listing (EUL) ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးခြင်းတို့ကို ကာကွယ်တားဆီးရာတွင် ကူညီပေးသည်။

fact_ Ivermectin cure COVID19_mmr_3

Ivermectin ဆေးဝါးများသည် COVID-19 ရောဂါ ပျောက်ကင်းအောင် ကုသနိုင်ပါသလား?

အချက်အလက်အမှန် (Fact)

COVID-19 ရောဂါရှိသူများအား Ivermectin ဆေးဝါးဖြင့် ကုသခြင်းနှင့် ပတ်သက်၍ လက်ရှိအထောက်အထားများမှာ တိကျသောအဖြေမရှိသေးပါ။

အချက်အလက်များပိုမို၍ မရရှိသေးခင် WHO မှ အကြံပြုလိုသည်မှာ Ivemectin ဆေးဝါးကို COVID-19 ရောဂါရှိသူများအား ဆေးလက်တွေ့စမ်းသပ်မှု သုတေသနအချိန်အတွင်းမှာသာ အသုံးပြုရန် တိုက်တွန်းပါသည်။

ရောဂါပြင်းထန်မှု မည်မျှဖြစ်စေ COVID-19 ရောဂါရှိသူများအားလုံးကို ဆိုလိုပါသည်။

fact_can I get reinfected_mmr_4

COVID-19 ကူးစက်ခံရပြီး ပြန်လည်သက်သာပြီးပါက ထပ်မံ ကူးစက်ခံရနိုင်ပါသလား?

အချက်အလက်အမှန် (Fact)

ထပ်မံကူးစက်ခံရနိုင်ပါသည်။ ဖြစ်နိုင်ချေနည်းပါးသော်လည်း ဥပမာ SARS-CoV-2 မျိုးကွဲများနှင့် ပြန်လည် ကူးစက်မှုဖြစ်နိုင်သည်။

သင်ကိုယ်တိုင်နှင့် သင်ချစ်ခင်ရသူများအတွက် ကြိုတင်ကာကွယ်ပါ။

  • လူထူထပ်သောနေရာများကို ရှောင်ကြဉ်ပါ။
  • လက်များကို ဆပ်ပြာနှင့်ရေအသုံးပြုပြီး စင်ကြယ်အောင် မကြာခဏဆေးကြောပါ။ ချောင်းဆိုး၊ နှာချေသည့်အခါ  တံတောင်ဆစ်ကွေးဖြင့် ကာထားပါ။
  • ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ။
  • လေဝင်လေထွက်ကောင်းမွန်ပါစေ။

fact_transmitted through breast milk and breastfeeding_mmr_7

Covid-19 ဗိုင်းရပ်စ်ပိုးသည် မိခင်နို့ရည်နှင့် နို့တိုက်ခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါသလား?

အချက်အလက်အမှန် (Fact)

မိခင်နို့ရည်နှင့် နို့တိုက်ခြင်းမှတစ်ဆင့် Covid-19 ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကို ယနေ့အထိ မတွေ့ရှိရသေးပါ။

မည်သည့် အကြောင်းပြချက်နှင့်မှ နို့တိုက်ခြင်းကို ရှောင်ခြင်း (သို့) ရပ်ပစ်ခြင်း မပြုလုပ်ရပါ။

နို့တိုက်နေစဉ်တွင် မိခင်တိုင်းသည် အောက်ပါ ကြိုတင် ကာကွယ်မှုများကို ပြင်းပြင်းထန်ထန် လိုက်နာသင့်သည်။

  • ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ထားပါ။
  • နို့မတိုက်ခင် လက်ကို ဆပ်ပြာနှင့်ရေဖြင့် စင်ကြယ်စွာဆေးကြောပါ။ သို့မဟုတ် လက်သန့်စင်ဆေးရည်ကိုသုံးပါ။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာသန့်ရှင်းရေးကို လိုက်နာပါ။
fact_being a vegetarian_mmr_9

သက်သတ်လွတ် (အသီးအရွက်သာ) စားသူတစ်ယောက်သည် COVID-19 ရောဂါကူးစက် ခံရနိုင်ခြေနည်းသည်ဆိုသည်မှာ မှန်ကန်ပါသလား?

အချက်အလက်အမှန် (Fact)

COVID-19 ရောဂါသည် လူတိုင်းကို ကူးစက်မှုအကျိုးသက်ရောက်နိုင်သည်။

သက်သတ်လွတ် (အသီးအရွက်သာ) စားသူတစ်ယောက်သည် COVID-19 ကို ကာကွယ်နိုင်သည်ဆိုသည့် သက်သေအထောက်အထားမရှိပါ။ ယေဘုယျအားဖြင့် အသီးအနှံများနှင့် အသီးအရွက်များသည် ကျန်းမာရေးကောင်းမွန်စေရန် မရှိမဖြစ်လိုအပ်သည်။

COVID-19 ရောဂါကူးစက်ခံရမှုမှ ကာကွယ်ရန် ပါးစပ်နှင့်နှာခေါင်းစည်းကို သေချာစွာ တပ်ဆင်ခြင်း၊ လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး တစ်မီတာ (၃ ပေ) အကွာတွင် နေထိုင်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေအသုံးပြုပြီး သန့်စင်အောင် မကြာခဏဆေးကြောခြင်း၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းတို့ကို လိုက်နာကျင့်သုံးပါ။

fact_liquorice root or Mulethi_mmr_8

နွယ်ချိုအမြစ်ဖြင့် Covid-19 ရောဂါ ပျောက်ကင်းအောင် ကုသနိုင်ပါသလား?

အချက်အလက်အမှန် (Fact)

မကုသနိုင်ပါ။

ကမ္ဘာပေါ်ရှိ အချို့ဒေသများတွင် နွယ်ချိုအမြစ်ကို ပိုးသတ်ဆေး (Antimicrobial)  အာနိသင်ရှိသောတိုင်းရင်းဆေးအပင်တစ်မျိုးအဖြစ် လက်ခံသိရှိထားကြပါသည်။ သို့သော် လက်ရှိကပ်ရောဂါဆိုင်ရာ အထောက်အထားများအရ နွယ်ချိုအမြစ် စားသုံးခြင်း (သို့) အခြားသော အိမ်တွင်းကုထုံးများမှာ Coronavirus ရောဂါပိုးအား ပျောက်ကင်းအောင် မကုသနိုင်ပါ။ နွယ်ချိုအမြစ်အားအလွန်အကျွံစားသုံးပါကလည်း အန္တရာယ်ရှိသောသက်ရောက်မှုများရှိလာနိုင်သည်ကိုလည်း သတိပြုစေချင်ပါသည်။

fact_black pepper honey and ginger_mmr_5

(မေးခွန်း) ငရုတ်ကောင်းအနက်၊ ပျားရည်နှင့်ဂျင်းသည် COVID-19 ကို ပျောက်ကင်းစေနိုင်သလား?

အချက်အလက်အမှန် (Fact)

ဂျင်း၊ ပျားရည်နှင့် ငရုတ်ကောင်းအနက်တို့သည် COVID-19  ကူးစက်မှုမှ ကာကွယ်နိုင်သည်ဟူသော သိပ္ပံနည်းကျအထောက်အထားမရှိပါ။ သို့သော် ယေဘုယျအားဖြင့် အချို့သော ဟင်းခတ်အမွှေးအကြိုင်များ (Spices) သည် ကျန်းမာရေးအတွက် အကျိုးပြုနိုင်သောဂုဏ်သတ္တိများရှိသည်ဟု ယူဆကြပါသည်။

fact_Vitamin D_mmr_6

(မေးခွန်း) Vitamin D သည် COVID-19 ကို ပျောက်ကင်းစေနိုင်သလား?

အချက်အလက်အမှန် (Fact)

ဗီတာမင် D သည် COVID-19 ကို မကုသနိုင်ပါ။ ဗီတာမင် D သည် လူအများကို COVID-19 ကူးစက်မှုမှ ကာကွယ်ပေးနိုင်သလားဆိုတာ ကျွန်ုပ်တို့ လက်ရှိတွင် မသိနိုင်သေးပါ။ သို့သော် လုံလောက်သော ဗီတာမင် D ပမာဏသည် အရိုးအားကောင်းရန်နှင့် အခြားသောကောင်းမွန်သည့် အကျိုးအာနိသင်များရှိသောကြောင့် ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။

fact_mmr_27

Q: နေရောင်ခြည်က Coronavirus အသစ်ကို သေစေနိုင်သလား?

FACT: နေရောင်ခြည်ဟာ coronavirus အသစ်ကို သေစေတယ်လို့ အထောက်အထားမရှိပါ။

fact_mmr_28

Q: သံပုရာသီး သို့မဟုတ် နနွင်းဟာ COVID-19 ကို ကာကွယ်ပါသလား?

FACT: သံပုရာသီး သို့မဟုတ် နနွင်းဟာ COVID-19 ကို ကာကွယ်ကြောင်း သိပ္ပံနည်းကျတွေ့ရှိရခြင်းမရှိပါ။ သို့သော် ယေဘုယျအားဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသီးအနှံနှင့် အသီးအရွက်များ လုံလောက်စွာ စားသောက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါသည်။

fact_mmr_29

Q: (၁၅) မိနစ်တစ်ခါ ရေများများသောက်ခြင်းက Corona virus ကို ခန္ဓာကိုယ်တွင်းမှ ထွက်သွားစေပြီး COVID-19 ကို ကာကွယ်နိုင်ပါသလား?

FACT: ရေများများ သောက်ခြင်းက Corona virus ကို ခန္ဓာကိုယ်တွင်းမှ ထွက်သွားစေနိုင်ကြောင်း တွေ့ရှိရခြင်း မရှိပါ။ သို့သော် ကျန်းမာရေး ကောင်းစေရန်အတွက် လူတစ်ယောက်သည် နေ့စဥ် ရေ (၈) ဖန်ခွက် သောက်သင့်ကြောင်း ညွှန်ကြားထားပါသည်။

fact_mmr_30

Q: ရေကူးကန်မှာ ရေကူးပါက COVID-19 ကူးစက်ခံရနိုင်ခြေရှိပါသလား?

FACT: ကလိုရင်းသေချာခပ်ထားပြီး ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ထားသော ရေကူးကန်မှာ ရေကူးခြင်းက လုံခြုံပါတယ်။ သို့သော် လူထူထပ်သော ရေကူးကန်များ အပါအဝင် လူထူထပ်ရာ နေရာများကို ရှောင်ကြဥ်ရန် အကြုံပြုအပ်ပါသည်။ ရေကူးကန် အနီးတဝိုက်ပင်ဖြစ်ပါစေ နှာချေ၊ ချောင်းဆိုးနေသူများနှင့် အနည်းဆုံး တစ်မီတာ (၃ ပေ) အကွာအဝေးတွင် နေထိုင်ပါ။

fact_mmr_31

Q: အေးခဲထားသော အစားအစာများနှင့် ရေခဲမုန့်များ စားသုံးခြင်းသည် Corona virus ကို ပျံ့နှံ့စေနိုင်ပါသလား?

FACT: ကျန်းမာရေးနှင့် လျော်ညီအောင် ပြုလုပ်ထားသော အေးခဲထားသော အစားအစာများနှင့် ရေခဲမုန့်များ စားသုံးခြင်းက Corona virus ကို ပျံ့နှံ့စေနိုင်ကြောင်း သိပ္ပံနည်းကျတွေ့ရှိရခြင်း မရှိပါ။

fact_mmr_32

Q: ချောင်းခြောက်ဆိုးခြင်း တစ်ခုတည်းက COVID-19 လက္ခဏာဖြစ်ပါသလား။ နှာရည်ယိုခြင်း (သို့) သလိပ်ထွက်ခြင်း ခံစားရလျှင် COVID-19 ရောဂါ မဟုတ်ဘူး ဆိုတာ မှန်ကန်ပါသလား?

FACT: မဟုတ်ပါ။ မှားပါတယ်။ COVID-19 ရောဂါရှိသော တစ်ချို့ လူများဟာ နှာရည်ယိုခြင်း (သို့) သလိပ်ထွက်ခြင်းကို ရောဂါလက္ခဏာ အနေနဲ့ ခံစားရပါတယ်။

fact_mmr_33

Q: သရက်သီး စားလျှင် အသီးထဲတွင် ပါဝင်သည့် အက်ဆစ်က Corona virus ကို သေစေသဖြင့် COVID-19 ရောဂါကို ကုသပေးသည်ဆိုတာ ဟုတ်ပါသလား?

FACT: မဟုတ်ပါ။ သရက်သီးစားသုံးခြင်းက Corona virus ကို သေစေနိုင် ကြောင်း အထောက်အထားတွေ့ရှိရခြင်း မရှိပါ။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသီးအနှံနှင့် အသီးအရွက်များ လုံလောက်စွာ စားသောက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါသည်။

fact_mmr_34

Q: ကြက်သားစားသုံးခြင်းက Corona virus ကို ကူးစက်ပျံ့နှံ့စေနိုင်ပါသလား?

FACT: ကျန်းမာရေးနှင့်လျော်ညီစွာ ပြင်ဆင်ချက်ပြုတ်ထားသော ကြက်သားကို စားသုံးခြင်းက စိတ်ချရပြီး Corona virus ကူးစက် ပျံ့နှံ့မှုကို မဖြစ်စေနိုင်ပါ။

fact_mmr_35

Q: ဒူးရင်းသီး စားသုံးခြင်းဟာ COVID-19 ကို ကာကွယ်နိုင်ပါသလား?

FACT: မဟုတ်ပါ။ ဒူးရင်းသီးစားသုံးခြင်းဟာ COVID-19 ကို ကာကွယ်နိုင် ကြောင်း အထောက်အထား မတွေ့ရှိရပါ။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသီးအနှံနှင့် အသီးအရွက်များလုံလောက်စွာ စားသောက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါသည်။